ကိုရီးယားနိုင်ငံတွင် နေထိုင်နေသော နိုင်ငံခြားသားများ အားလုံး သတိထားရန်ဖြစ်ပါသည်။
🚨 ကိုရီးယားနိုင်ငံတွင် နေထိုင်နေသော နိုင်ငံခြားသားများ အားလုံး သတိထားရန်ပါ။
❗️ ကိုရီးယားနိုင်ငံတွင် တရားမဝင် လုပ်ငန်းများ များပြားလာနေပါသည်။
မသိလို့ ပါဝင်မိပါက ကိုယ်တိုင်ပါ ပြစ်ဒဏ်ခံရနိုင်ပါသည်။
❗️ တရားမဝင် လုပ်ငန်းများကို သတိပြုပါ။
ကိုရီးယားတွင် လုပ်ငန်းလိုင်စင် (သို့မဟုတ် မှတ်ပုံတင်) မရှိဘဲ အောက်ပါ လုပ်ဆောင်မှုများကို ပြုလုပ်ခြင်းသည် တရားမ၀င် လုပ်ဆောင်မှုဖြစ်ပြီး ပြစ်ဒဏ်ခံရနိုင်ပါသည်။
💰 အခကြေးငွေယူ၍ အလုပ်မိတ်ဆက်ပေးခြင်း
📱 ဖုန်း / SIM ကတ် များကို တရားမဝင် ရောင်းချခြင်း / ဖွင့်ပေးခြင်း
🛒 생활용품 (နေ့စဉ်အသုံးအဆောင်ပစ္စည်းများ) ကို လိုင်စင်မရှိဘဲ ရောင်းချခြင်း
💸 တရားမဝင် ငွေလွှဲ (송금) ဝန်ဆောင်မှု ပြုလုပ်ခြင်း
⚖️ ဘာကြောင့် အန္တရာယ်ရှိလဲ? (ဥပဒေချိုးဖောက်မှုများ)
ဤလုပ်ဆောင်မှုများသည် ကိုရီးယားဥပဒေအရ အောက်ပါအတိုင်း ပြစ်မှုများတွင် ပါဝင်နိုင်ပါသည်။
လုပ်ငန်းမှတ်ပုံတင်ဥပဒေ ချိုးဖောက်မှု (사업자등록 관련 법 위반)
အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှု (휴대폰/SIM 관련)
ငွေကြေးလုပ်ငန်း/နိုင်ငံခြားငွေလွှဲဥပဒေ ချိုးဖောက်မှု (불법 송금)
⚠️ အထက်ပါ ဥပဒေ ချိုးဖောက်မှုများ အနက် အဆိုးရွားဆုံးမှာ
👉 လိုင်စင်မရှိဘဲ အခကြေးငွေယူ၍ အလုပ်မိတ်ဆက်ပေးခြင်းသည် “အလုပ်အကိုင်တည်ငြိမ်ရေးဥပဒေ (직업안정법) ချိုးဖောက်မှု” ပြစ်မှုမြောက်ပြီး
👉 လိုင်စင်မရှိဘဲ အလုပ်မိတ်ဆက်လုပ်ငန်း ပြုလုပ်ပါက ကိုရီးယားဥပဒေအရ ပြစ်ဒဏ် အနေဖြင့် ထောင်ဒဏ် ၅ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ဝမ် ၅၀,၀၀၀,၀၀၀ အထိ ချမှတ်ခံရနိုင်ပါသည်။
⚠️ အကယ်၍ ဤကဲ့သို့သော မမှန်ကန်သည့် လုပ်ဆောင်မှုများကြောင့် ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ပါက
👉 သင်ပေးဆောင်ထားသော ဝန်ဆောင်ခများကို ပြန်လည်တောင်းခံနိုင်ပါသည်။
👉 လိုအပ်ပါက တရားစွဲဆိုနိုင်ပါသည်။
🙏 မသိလို့ မနစ်နာရအောင် ကိုယ်တိုင်လည်း သတိထားပါ၊ သူငယ်ချင်းများကိုလည်း မျှဝေပေးပါ။
✅ စိတ်ချရသော တရားဝင် အလုပ်အကိုင်မိတ်ဆက်ဝန်ဆောင်မှု လိုအပ်ပါက
ကျွန်ုပ်တို့ Niceway co.,ltd သည် ကိုရီးယားအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော အလုပ်အကိုင်မိတ်ဆက် အေဂျင်စီ ဖြစ်ပြီး ကိုရီးယားနိုင်ငံတွင်း အလုပ်အကိုင်အခွင့်အလမ်းများကို ယုံကြည်စိတ်ချစွာ ချိတ်ဆက်ပေးနေပါသည်။
🇲🇲 မြန်မာနိုင်ငံသားပိုင် ပထမဆုံး ကုမ္ပဏီ
NiceWay Co.,Ltd (Korea)
🌏 Homepage
💠 Telegram
https://t.me/NiceWayKoreaCompany
📘 Facebook Page
https://www.facebook.com/NiceWayKorea
📍 လိပ်စာ
서울특별시 강서구 양천로 620, 12층 1207호
(등촌동, 지와인 비즈니스센터)
☎️ ဆက်သွယ်ရန် (မြန်မာတာ၀)
Mobile : 010-2857-7211 / 010-2670-7211
Office : 02-2668-7211
Fax : 02-2668-7211
#한국생활 #외국인주의 #미얀마 #불법주의 #직업소개