Nice Way Co.,Ltd - Korea အကြောင်း …..
NICE WAY CO.,LTD. သည် ကိုရီးယားနိုင်ငံအစိုးရ၏ တရား၀င် အသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ပထမဦးဆုံး အလုပ်အကိုင်အေဂျင်စီ ဖြစ်ပြီး ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာလုပ်သားများ အလုပ်အကိုင်ရှာဖွေရာတွင် လွယ်ကူအဆင်ပြေနိုင်စေရန်နှင့် အခွင့်အလမ်းများ ပိုမိုရရှိစေရန် ကြိုးစားပံ့ပိုး လုပ်ဆောင်လျက်ရှိပါသည်။
NICE WAY CO.,LTD. ၏ တည်ထောင်သူသည် ကိုရီးယားနိုင်ငံတွင် နှစ်ပေါင်း (၂၀) ကျော်ကြာ အခြေချနေထိုင် လုပ်ကိုင်လျက်ရှိသူဖြစ်ပြီး ကိုရီးယားနိုင်ငံတွင် နေထိုင်လုပ်ကိုင်ခဲ့သော အတွေ့အကြုံများနှင့် ဗဟုသုတများအပေါ် အခြေခံ၍ မြန်မာနိုင်ငံသားများအား ထိရောက်စွာ ကာကွယ်ပံ့ပိုးပေးလိုသော စိတ်ဆန္ဒဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် NICE WAY CO.,LTD. ကို စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ကုမ္ပဏီသက်တမ်း (၁) နှစ်ကျော် ကာလအတွင်း D10 မှ E7-1, E7-2, E7-3, G1, D2, D4 နဲ့ E9 အပါအဝင် မြန်မာနိုင်ငံသား အလုပ်သမားပေါင်း (၃၀၀) ဦး ကျော်ကို နယ်ပယ်မျိုးစုံတွင် အလုပ်အကိုင်များ ရှာဖွေပေးနိုင်ခဲ့ပါသည်။
ထို့ပြင် အသုံးပြုသူ Subscribers ပေါင်း (၃၀၀၀) ကျော်ခန့်ရှိသော Nice Way Korea Telegram Channel တွင် ကိုရီးယားနိုင်ငံရှိ အလုပ်အကိုင်အခွင့်အလမ်းများကို အချိန်နှင့်တပြေးညီ တင်ပေးလျက်ရှိပြီး အလုပ်ရှာ ၀န်ဆောင်မှုများ ပံ့ပိုးပေးလျက် ရှိပါသည်။ ထို့အပြင် ဗီဇာဝန်ဆောင်မှုများကိုလည်း ၀န်ဆောင်မှု ပေးလျက် ရှိပါသည်။ NICE WAY CO.,LTD သည် ကိုရီးယားနိုင်ငံ ကားဘော်ဒီနှင့် ကားဆေးမှုတ်ခြင်းလုပ်ငန်းအသင်းမှ ကြီးမှူးသည့် ကိုရီးယားနိုင်ငံ၏ မော်တော်ကား နယ်ပယ်တွင် ကားဘော်ဒီ ပြုပြင်ခြင်းနှင့် ဆေးမှုတ်ခြင်း လုပ်ငန်းများအတွက် E-7-3 ကျွမ်းကျင်လုပ်သားခေါ်ယူရန် ရွေးချယ်ခံခဲ့ရပါသည်။ ကိုရီးယားနိုင်ငံအတွင်းရှိ အလုပ်အကိုင် အေဂျင်စီများ၊ လာအို၊ မွန်ဂိုလီးယား၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင် အစရှိသည့် နိုင်ငံပေါင်းများစွာ ပါ၀င်ယှဥ်ပြိုင်ကြသည့် ကုမ္ပဏီ (၁၆၀ ) အနက်မှ ( ၁၆ ) ခု ရွေးချယ်ရာတွင် မြန်မာနိုင်ငံ၏ တာဝန်ခံအနေဖြင့် ရွေးချယ်ခံရသော ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါသည်။
NICE WAY CO.,LTD. တည်ထောင်သူ CEO မိတ်ဆက်
• ၂၀၁၄ ခုနှစ်တွင် ကိုရီးယား အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ၏ ထုတ်ကုန်များကို မြန်မာနိုင်ငံသို့ တိုက်ရိုက်တင်ပို့ရောင်းချခြင်းအတွက် အထူးပြုသော Aerial Korea Co., Ltd. ကုမ္ပဏီလီမိတက်ကို တည်ထောင်ခဲ့ပါသည်။
• ၂၀၁၈ - ၂၀၂၅ ခုနှစ်တွင် ဆိုးလ်စီးပွားရေးအေဂျင်စီ (Seoul Business Agency, SBA) ၏ နိုင်ငံတကာ ဖြန့်ဖြူးရေးစင်တာ (International Distribution Center) နှင့် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်ရှာဖွေရေးစင်တာ (Global Marketing Center) တို့တွင် နေထိုင်ခွင့်ရကုမ္ပဏီအဖြစ် ရွေးချယ်ခံရပြီး ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
• ၂၀၂၁ ခုနှစ်တွင် ၅၈ ကြိမ်မြောက် ကုန်သွယ်ရေးနေ့တွင် “Million Dollar Export Tower” ဆု ချီးမြှင့်ခံရပြီး ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ ချီးကျူးဂုဏ်ပြုလွှာ (ချီးကျူးဂုဏ်ပြုလွှာအမှတ် ၁၃၄၁၁၁) ကို ရရှိခဲ့ပါသည်။
• ၂၀၂၂ - ၂၀၂၅ ခုနှစ်တွင် သတ်မှတ်ထားသော ပရော်ဖက်ရှင်နယ် ကုန်သွယ်မှုကုမ္ပဏီ လက်မှတ် (Professional Trading Company) [ပို့ကုန်အထူးပြု ကုမ္ပဏီ (Export-specialized company)] အဖြစ် ရရှိခဲ့ပါသည်။
• ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် ဘူဆန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တွဲဖက်ပါမောက္ခအဖြစ် ခန့်အပ်ခံခဲ့ရပါသည်။
• ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ကိုရီးယားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အခြေချနေထိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ NICE WAY CO.,LTD. ကို တည်ထောင်ခဲ့ပါသည်။