Nice Way Co.,Ltd - Korea တွင် ရရှိနိုင်သော ၀န်ဆောင်မှုများ
Nice Way Co.,Ltd (Korea) သည် ကိုရီးယားနိုင်ငံတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေ၀န်ဆောင်မှုပေးလျက်ရှိသော ကိုရီးယားနိုင်ငံအစိုးရ၏ တရားဝင် အသိအမှတ်ပြု ပထမဆုံး မြန်မာနိုင်ငံသားပိုင် အလုပ်အကိုင် အေဂျင်စီကုမ္ပဏီ ဖြစ်ပါသည်။ Nice Way Korea Telegram Channel တွင် ကိုရီးယားနိုင်ငံရှိ အလုပ်အကိုင်အခွင့်အလမ်းများကို အချိန်နှင့်တပြေးညီ တင်ပေးလျက်ရှိပြီး အလုပ်ရှာ ၀န်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိပါသည်။ ကုမ္ပဏီသက်တမ်း (၁) နှစ်ကျော် ကာလအတွင်း D10 မှ E7-1, E7-2, E7-3, G1, D2, D4 နဲ့ E9 အပါအဝင် မြန်မာနိုင်ငံသား အလုပ်သမားပေါင်း (၃၀၀) ဦး ကျော်ကို ကိုရီးယားပြည်တွင်းရှိ အလုပ်အကိုင် နယ်ပယ်မျိုးစုံတွင် အလုပ်အကိုင်များ ချိတ်ဆက်ရှာဖွေပေးနိုင်ခဲ့ပါသည်။
ထို့ပြင် ကိုရီးယားနိုင်ငံ သင်္ဘောကျင်းများတွင် ခေါ် ယူနေသည့် E-7-3 ဗီဇာဖြင့် ကျွမ်းကျင်ဂဟေဆက်လုပ်သားများကို NICE WAY CO.,LTD ၏ မြန်မာပါတနာကုမ္ပဏီဖြစ်သော တိမ်ပန်းချီ/ Tain Bachi Co.,Ltd မှတဆင့် ခေါ် ယူပေးလျက်ရှိပါသည်။
NICE WAY CO.,LTD သည် ကိုရီးယားနိုင်ငံ ကားဘော်ဒီနှင့် ကားဆေးမှုတ်ခြင်းလုပ်ငန်းအသင်းမှ ကြီးမှူးသည့် ကိုရီးယားနိုင်ငံ၏ မော်တော်ကား နယ်ပယ်တွင် ကားဘော်ဒီ ပြုပြင်ခြင်းနှင့် ဆေးမှုတ်ခြင်း လုပ်ငန်းများအတွက် E-7-3 ကျွမ်းကျင်လုပ်သားခေါ်ယူရန် ရွေးချယ်ခံခဲ့ရပါသည်။ ကိုရီးယားနိုင်ငံအတွင်းရှိ အလုပ်အကိုင် အေဂျင်စီများ၊ လာအို၊ မွန်ဂိုလီးယား၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင် အစရှိသည့် နိုင်ငံပေါင်းများစွာ ပါ၀င်ယှဥ်ပြိုင်ကြသည့် ကုမ္ပဏီ (၁၆၀ ) အနက်မှ ( ၁၆ ) ခု ရွေးချယ်ရာတွင် မြန်မာနိုင်ငံ၏ တာဝန်ခံအနေဖြင့် ရွေးချယ်ခံရသော ကုမ္ပဏီ ဖြစ်ပါသည်။
ထို့ကြောင့် ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများ၊ EPS စာမေးပွဲကို ဖြေဆိုထားသူများ၊ ဂဟေဆက်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုသော်လည်း အတွေ့အကြုံ မရှိသေးပါက ပြည်တွင်း ပြည်ပ ဝါရင့်အတွေ့အကြုံရှိ ဆရာများမှ စာတွေ့နှင့် လက်တွေ့ အထူးသင်ကြားပေးနေသော
✅ TAIN BACHI WELDING TRAINING CENTER နှင့်
✅ QEM WELDING TRAINING CENTER တို့တွင် တက်ရောက်သင်ယူနိုင်ပါသည်။
ကိုရီးယားနိုင်ငံ၏ မော်တော်ကား နယ်ပယ်တွင် ကားဘော်ဒီ ပြုပြင်ခြင်းနှင့် ဆေးမှုတ်ခြင်း လုပ်ငန်းများအတွက် E-7-3 ကျွမ်းကျင်လုပ်သားများကိုလည်း မြန်မာနိုင်ငံမှ ခေါ် ယူသွားမည်ဖြစ်ပြီး Nice Way Korea Telegram Channel နှင့် Nice Way Call Center Facebook Page တို့တွင် အချက်အလက်များ အချိန်နှင့်တပြေးညီ တင်ပေးသွားမည် ဖြစ်ပါသည်။
UAS Myanmar Language Center ကိုရီးယားဘာသာစကား သင်တန်းကျောင်း
Nice Way Co.,Ltd (Korea) ၏ တည်ထောင်သူမှ ဦးစီး၍ မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော UAS Myanmar Language Center တွင် TOPIK Level 1,2,3,4 , EPS TOPIK သင်တန်းများ၊ ကိုရီးယားစာ အခြေခံနှင့် စကားပြော သင်တန်းများကို ကိုရီးယားနိုင်ငံတွင် နေထိုင်ခဲ့ပြီး အတွေ့အကြုံရှိသော ဆရာများမှ သင်ကြားပေးနေပါသည်။ ထို့ပြင် သင်တန်းသားများ ကိုရီးယားနိုင်ငံသို့ ရောက်ရှိသည့်အခါ ကိုရီးယားနိုင်ငံယဉ်ကျေးမှုနှင့် လိုက်လျောညီထွေစွာ အလွယ်တကူ ရင်းနှီးကျွမ်းဝင်နိုင်စေရန်အတွက် ကိုရီးယားယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ ကိုပါ အလေးထား သင်ကြားပေးလျက်ရှိပါသည်။
ထို့ပြင် ကိုရီးယားနိုင်ငံတွင် ကျောင်းတက်ရင်းအလုပ်လုပ်ကိုင်လိုသော ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ကိုရီးယားနိုင်ငံရှိ အကောင်းဆုံးနှင့် စိတ်ချရသော ကျောင်းများနှင့် တိုက်ရိုက်ချိတ်ဆက်ကာ မိတ်ဆက်ပေးခြင်း ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
တိုက် (၅)၊ အခန်း (၆/ဘီ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
☎️ 09 408446868, 09 408446767
ကိုရီးယားပြည်တွင်း ဗီဇာ၀န်ဆောင်မှုများအနေဖြင့် 10,E7-1, E7-2, E7-3,E7-4,E7-4R, E1,E2,E3,F2,F-2R, F4,F5,F6, E8,E10,E9,F3,G1 အစရှိသော ကိုရီးယားနိုင်ငံရှိ တရားဝင် ဗီဇာရှိသူများအတွက်
✔ အလုပ်အကိုင်များ ရှာဖွေပေးခြင်း၊ ဗီဇာပြောင်းလဲခြင်းများ လုပ်ဆောင်ပေးခြင်း
✔ E-9 မှ E-7 ပြောင်းလဲခြင်း
✔ D-10 မှ E Visa ပြောင်းလဲခြင်း
✔ မိသားစုကို ဖိတ်ခေါ်သည့် F-3 ဗီဇာ လုပ်ဆောင်ခြင်း
✔ C-3 ဗီဇာနှင့် အလည်ဖိတ်ခေါ်ခြင်း
✔E-7-4 ဗီဇာကိုင်ဆောင်ထားသူများ မိသားစုကို အလည် ဖိတ်ခေါ်ခြင်း
✔ နိုင်ငံတကာလက်ထပ်ဗီဇာ (F-6) ဆောင်ရွက်ခြင်း
✔ Residence (F-4) / Alien မှတ်ပုံတင်ခြင်း
✔ အမြဲတမ်းနေထိုင်ခွင့် (F-5) ဗီဇာ ဆောင်ရွက်ခြင်း
✔ နိုင်ငံသား ပြောင်းလဲခြင်း
အစရှိသည့် ဗီဇာဝန်ဆောင်မှုများကို ၀န်ဆောင်မှုပေးလျက်ရှိပါသည်။
Nice Way Korea Telegram Channel
Nice Way Call Center Facebook Page
Nice Way Call Center (Korea) ဆိုတာ ဘာလဲ?
NICE WAY CALL CENTER (KOREA) ဆိုတာ ကိုရီးယားအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော ပထမဆုံး မြန်မာနိုင်ငံသားပိုင် အလုပ်အကိုင် အေဂျင်စီ NICE WAY (KOREA) ကုမ္ပဏီရဲ့ Call Center ၀န်ဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။
NICE WAY CALL CENTER (KOREA) မှာ Register တင်ပြီး Membership ဝင်ထားလိုက်ရုံနဲ့ NICE WAY (KOREA) ကုမ္ပဏီရဲ့ အလုပ်ရှာ ဝန်ဆောင်မှုနဲ့ အခြားသော ဝန်ဆောင်မှုတွေမှာပါ Discount ရရှိနေပြီဆိုတာ သိပြီးကြပြီလား 💁♀️
NICE WAY CALL CENTER (KOREA) မှာ Membership ဝင်ထားလိုက်ရုံနဲ့ ကိုရီးယားနိုင်ငံအတွင်း
▪︎အလုပ်အကိုင်ရှာဖွေရေး ၀န်ဆောင်မှုမှာ Discount ရရှိမယ့်အပြင်
▪︎အလုပ်လစာ အခက်အခဲများအတွက် အကူအညီ
▪︎ဘာသာပြန် ၀န်ဆောင်မှု
▪︎ခရီးသွားလာရေးနှင့် နေထိုင်ရေး ၀န်ဆောင်မှု
▪︎ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှု
▪︎အရေးပေါ် အခြေအနေ ၀န်ဆောင်မှုတွေနဲ့
▪︎လေယာဥ်လက်မှတ် ဝယ်ယူခြင်း၊ Visa ပြောင်းရန် Booking ယူခြင်း၊ Dollar ငွေလဲခြင်း၊ ချေးငွေယူခြင်း စတဲ့ ဝန်ဆောင်မှုတွေကိုပါ ရရှိဦးမှာပါ 💁♀️
NICE WAY CALL CENTER (KOREA) ရဲ့ Membership တွေသာ Discount ရရှိနိုင်မယ့် ဝန်ဆောင်မှုတွေကို အသေးစိတ် ရှင်းပြပေးပါမယ်နော် 💁♀️
(၁) အလုပ်အကိုင်ရှာဖွေရေး ၀န်ဆောင်မှု
▪︎လိုအပ်သောအလုပ်အကိုင်များကို ချက်ချင်းဖော်ပြပေးပြီး လျှောက်ထားနိုင်အောင် အကူအညီပေးခြင်း။
▪︎လုပ်ငန်းအမျိုးအစားအမျိုးမျိုး၊ နေရာအလိုက် အလုပ်အကိုင်အချက်အလက်များကို လွယ်လွယ်ကူကူ သိရှိနိုင်ခြင်း။
(၂) အလုပ်လစာ အခက်အခဲ အကူအညီ
▪︎လစာမရခြင်း၊လစာနှောင့်နှေးခြင်း စသည့် ကိစ္စရပ်များအတွက် ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် ရှေ့နေအဖွဲ့များသို့ ချိတ်ဆက်ပေးခြင်း။
▪︎လူဝင်မှုကြီးကြပ်ရေးရုံး(လဝက) ကိစ္စရပ်များ ကြာမြင့်နေခြင်းအား အဆင်ပြေချောမွေ့စေရန် ညွှန်ကြားကူညီပေးခြင်း။
(၃) ဘာသာပြန် ၀န်ဆောင်မှု
▪︎မြန်မာ⇆ ကိုရီးယား ⇆ အင်္ဂလိပ် ဘာသာစကားများ အချိန်မရွေး ဘာသာပြန်အပ်နိုင်ခြင်း။
▪︎စာချုပ်စာတမ်းများ၊အရေးကြီးစာရွက်စာတမ်း အချက်အလက်များကို မှန်ကန်စွာ ဘာသာပြန်ပေးခြင်း။
(၄) ခရီးသွားလာရေးနှင့် နေထိုင်ရေး ၀န်ဆောင်မှု
▪︎လေယာဉ်လက်မှတ်ဝယ်ယူခြင်း၊ ခရီးစဉ်စီစဥ်ခြင်း၊ လမ်းညွှန်ခြင်း ဝန်ဆောင်များ ဈေးသက်သာစွာဖြင့် ရယူနိုင်ခြင်း။
▪︎အိမ်ခန်းရှာဖွေခြင်း၊တိုက်ခန်းငှားခြင်း စသဖြင့် နေထိုင်ရေး အဆင်ပြေစေရန် အကူအညီပေးခြင်း။
(၅) ကျန်းမာရေး ၀န်ဆောင်မှု
▪︎ဆေးရုံ/ဆေးခန်းများသို့ပြသရန် လိုအပ်ပါက ဘာသာစကားအခက်အခဲမရှိရန် ကြိုတင်ချိတ်ဆက်ပေးခြင်း။
▪︎ဆေးကုသမှုအတွက် စကားပြန်အဖြစ် အတူလိုက်ပေးခြင်း။
(၆) အရေးပေါ် အခြေအနေ ၀န်ဆောင်မှု
▪︎ဆေးရုံဆေးခန်း၊တရားရုံးနှင့် ဥပဒေဆိုင်ရာ အရေးပေါ် အခြေအနေများအတွက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များနှင့် ချက်ချင်း ချိတ်ဆက်ပေးခြင်း။
✅ အထက်ပါ ၀န်ဆောင်မှုများ အားလုံးကို လစဉ် အဖွဲ့၀င်ကြေး (Monthly Membership Fees) တစ်လလျှင် ဝမ် ၁၀,၀၀၀ ပေးသွင်းရုံနဲ့ လိုအပ်တဲ့ အချိန်တိုင်းမှာ ရယူနိုင်မှာ ဖြစ်ပါတယ်။ Membership Fees ကိုတော့ အနည်းဆုံး (၅)လအတွက်မှ စတင် စာရင်းသွင်း Register ပြုလုပ်နိုင်ပါပြီနော် 💁♀️
✅ ကိုရီးယားနိုင်ငံက ရွှေမြန်မာတို့အတွက် နေထိုင်မှုဘဝ အဆင်ပြေချောမွေ့စေရန်နဲ့ နေ့စဥ်လိုအပ်ချက်တွေကို အချိန်နှင့်တပြေးညီ ဖြေရှင်းပေးနိုင်ဖို့အတွက် NICE WAY CALL CENTER (KOREA) က အဆင်သင့် ရှိနေပါပြီနော်!!
"ကိုရီးယားရောက် ရွှေမြန်မာတို့ရဲ့ ယုံကြည်လက်တွဲရာ - NICE WAY KOREA CALL CENTER"
주식회사 나이스웨이 (Nice Way Co.,Ltd.)
🌏 서울특별시강서구양천로620, 12층1207호
(등촌동, 지와인 비지니스센터)
☎️ ဆက်သွယ်ရန်
Mobile : ▶️담당연락처 :
တာဝန်ခံ ၁: 010-2857-7211
တာဝန်ခံ ၂: 010-2670-7211
Office : 02-2668-7211 ,
Fax : 02-2668-7211
Email: nicewaykorea@gmail.com
https://www.facebook.com/share/17BE1aRvaw/?mibextid=wwXIfr
# Page Messenger ကနေလည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။
🌏 Homepage:
🌐 https://www.nicewaykorea.com
#Telegram Channel မှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖတ်ရှုနိုင်ပါတယ်#
💠 https://t.me/NiceWayKoreaCompany